Posts

Showing posts from September, 2021

Sim Card Security

 ဆင်းမ်ကဒ် လုံခြုံရေး ဩဂုတ်လထဲမှာပဲ စစ်ကောင်စီမှ ဖုန်းလိုင်းများအားလုံးကို ကြားဖြတ်နားထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အော်ပရေတာတွေကိုလည်း သုံးစွဲသူတွေရဲ့ ဖုန်း call log လို data တွေကို သုံးနှစ်အထိ သိမ်းထားရမယ်လို့ အမိန့်ပေးစေခိုင်းခဲ့တာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ အရေးကြီးလာတာကတော့ အသုံးပြုနေကြတဲ့ Sim card တွေရဲ့ လုံခြုံရေးပါပဲ။ Sim Card တွေကို အသုံးပြုပြီး ဖုန်းပြောဆိုခြင်း၊ SMS ပို့ခြင်းတွေဟာ ဒီအချိန်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်ခြင်းကို အပြည့်အဝခံလိုက်ရပြီဖြစ်ပါတယ်။ ဖုန်း call တွေအတွင်းမှာ ပြောဆိုကြတဲ့ စကားတွေဟာ လွပ်လွပ်လပ်လပ်ပြောလို့ရတော့တာမဟုတ်ပဲ စစ်ကောင်စီအတွက် မလိုလားတဲ့ C*M လို၊ P*F လို စကားတွေပြောမိတဲ့အခါ အိမ်တိုင်ရာရောက် လက်ထိပ်ခတ်ခံရနိုင်တဲ့ အခြေအနေဖြစ်နေပါပြီ။ SIM Card Safety ကို နားလည်ထားဖို့ တင်ပေးလိုက်ပါတယ်။ Sim Card ကို စွန့်ပယ် အခုလို အင်တာနက်ရနေသေးတဲ့အချိန်မှာတော့ Sim Card ကတစ်ဆင့် ဖုန်းခေါ်ဆိုမှု၊ စာပို့မှုတွေကို လုံးဝစွန့်လွှတ်ပြီး Signal လို၊ Telegram လို ၊ SIlence လို ကြားဖြတ်နားထောင်လို့မရသော Encryption စနစ်ပါတဲ့ App တွေကတစ်ဆင့်ပဲ ဆက်သွယ်ပြောဆိုကြဖို...